Sunday, June 12, 2011

ညအချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည့် ကမ္ဘာ့ပထမဆုံး နေစွမ်းအင်စက်ရုံ


ညအချိန်တွင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည့် ကမ္ဘာ့ပထမဆုံး နေစွမ်းအင်စက်ရုံကို စပိန်နိုင်ငံတွင် ပြီးခဲ့သည့် မေလအတွင်း တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရသည်။စပိန်နိုင်ငံ၊ ဆီးဗီးလ်မြို့အနီးရှိ ဂီမာဆိုလာ စွမ်းအင်စက်ရုံတွင် ဆိုလာပြား ၂၆၅၀ ပြား တပ်ဆင်ထားပြီး ၁၈၅ ဟက်တာမျှ ကျယ်သည်ဟု သိရသည်။ ဟယ်လီယိုစတတ်ဟု ခေါ်သော ဆိုလာမှန်ပြားများက နေရောင်ခြည် ဖြာထွက်မှု ၉၅ ရာခိုင်နှုန်းခန့် ကို စက်ရုံဗဟိုချက်ရှိ လက်ခံ အဆောက်အအုံသို့ ပေးပို့သည်။

၉၀၀ ဒီဂရီ စင်တီဂရိတ်မျှ မြင့်သော အပူဖြင့် ရည်ပျော်မှတ်မြင့် ဆားကန်ကြီးများကို ပူနွေးစေကာ စွမ်းအင် ထုတ်ပေးခြင်း ဖြစ်သည်။ အခြား နေစွမ်းအင် စက်ရုံများနှင့် မတူသည်မှာ ယင်းကန်ကြီးများတွင် သိမ်းထားသည့် အပူကို နေရောင် မရှိတော့သည့် အချိန်တွင်မှ ၁၅ နာရီ ဆက်တိုက် ထုတ်လွှင့်ပေးနိုင်ခြင်း ဖြစ်သည်။

စပိန်တောင်ပိုင်းသည် ပုံမှန် နေသာသောကြောင့် တစ်နှစ်လျှင် ရက်ပေါင်း ၂၇၀ မျှ နေစွမ်းအင် ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး အခြား ပြည့်ဖြိုးမြဲ စွမ်းအင်များထက် သုံးဆမျှ ပိုမို ထုတ်လုပ်နိုင်သည်။ ယခု နေစွမ်းအင် စက်ရုံမှ
တစ်နှစ်လျှင် ၁၁၀ ဂီဂါဝပ်မျှ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

No comments:

Post a Comment