အရုဏ်အုံဆိုင်း၊
မနက်ခင်းနိမ့်ဆင်း
တိမ်တွေနဲ့ လေးလံနေတဲ့နေ့
တရွေ့ရွေ့ဆက်သွား
သည်လောက်ဂရုမထားတဲ့ အတို့အထိက
သည်လောက်လွမ်းဆွတ်စရာအသံ။
သူက အရေးမထားသလောက်
ငါတို့မှာ အရေးတကြီး။
တုန်ယင်နေတဲ့ ကြိုးများတစ်ဝိုက်
သူ့လက်ဖျားတွေ စုရုံးကြပြီး
အနမ်းတိုင်းမှာ သူတို့ရဲ့ ပီတိကိုပြောပြကြ။
အင်အားသေးသေးကလေး လှုပ်ရုံနဲ့ ထိုမျှတုန်ယင်ကြ။
လက်နဲ့ ထိလိုက်ရုံနဲ့
ဘယ်သူမတုန်ယင်ပဲရှိပါ့။
သူမက နားကို ညှို့တုန်းမှာ
အချစ်ကရပ်ပြီး နာသူရဲ့နားကို
မြားကျည်တောက်ကုန်အောင်ပစ်လွှတ်။
နူးညံ့ဂီတ၊ စိတ်ကိညှို့ငင်နူးစေရဲ
No comments:
Post a Comment