Thursday, June 30, 2011

တစောင်းလက်ပတ်၏ စွမ်းရည်



တစောင်းလက်ပတ်၏ စွမ်းရည်

တစောင်းလက်ပတ်သည် ချဉ်ဆီကို တိုးပွားစေသည်။ အဆိပ်ကို ပယ်၏။ အရေပြားအနာကို ပျောက်စေသည်။ ဆီးသက်စေ၏။ ကိုယ်အရေပြားရောဂါကို ကာကွယ်စေသည်။ ဦးနှောက်ပူခြင်းကို အေးစေနိုင်သည်.။ ရေယုန်နာ ယားနာတို့ကို ပျောက်စေနိုင်သည်။ မျက်စိရောဂါ အမျိုးမျိုးကိုလည်းပျောက်စေသည်။ အနာကိုကျက်စေသည်။ သွေးထွက်ခြင်းကို အမြန်တိတ်စေသည်။ ဆီးပူ၊ဆီးအောင့်ခြင်းကို ပျောက်စေသည်။ မီးယက်ရောဂါကို အကျိုးပြု သည်။ နားနာ နားကိုက်ခြင်းကို ပျောက်စေသည်။ အဖုအကြိတ်များကို ပျောက်စေသည်။
တစောင်းလက်ပတ်နှင့် မိမိခန္ဓာကိုယ် သန့်စင်စေရန်
လှပစေရန် အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။

တစောင်းဘက်ပတ် အနှစ်ကို လက်ချားအနည်းငယ်ထည့်ပြိး ခေါင်းလျှော်ပေးခြင်းဖြင့် ဥိးခေါင်းတွင်ရှီသော ဘောက်ကို သေစေနိုင်သည်။ ချေးများကို ပြောင်စေသည်။ ဥိးရေကို အေးစေသည်။ ထို့ကြောင့် တချို့ ခေါင်းလျှော်ရည်များတွင် တစောင်းလက်ပတ် ထည့်သွင်းထားခြင်းဖြစ်သည်။
တစောင်းလက်ပတ်အစေးကို ညအိပ်ရာဝင်တိုင်း မိတ်ကပ်လိမ်းသကဲ့သို့ မှန်မှန်သူတ်လိမ်းပါက မှဲ့ခြောက်၊ တင်းတိတ်၊ ၀တ်ခြံများကို သိသိသာသာ ပျောက်ကင်းစေနိုင်သည်။
တစောင်းလက်ပတ်မှ ရရှိသော အစေးကို ကျိုချက်ခြင်းဖြင့် မုတ်ခါး ကို ရရှိနိုင်သည်။ ယင်းမုတ်ခါးသည် ခန္ဓာကိုယ် အဆီကျစေသည်။

တစောင်းလက်ပတ်ဖြင့် မျက်နှာပေါင်းတင်ခြင်း

မျက်နှာပေါ်တွင် အဖုအပိန့် များပေါက်ခြင်း၊ မျက်နှာအ၇ည်ပြားကြမ်းတမ်းခြင်း၊ မျက်နှာအဆိပြန်ခြင်း၊ မျက်နှာနေလောင်ပြိး ညိုမဲခြင်း၊ နိရဲခြင်းတို့ကို အောက်ပါနည်းအတိုင်း တစောင်းလက်ပတ်ပါဝင်သော တိုင်းရင်းဆေးစစ်စစ်ဖြင့် အန္တာရယ်ကင်းစွာ မျက်နှာကို ပေါင်းတင်ပေးနိုင်သည်။

ပါဝင်သော ပစ္စည်းများ
(၁) တစောင်းလက်ပတ်ကို ဇွန်းဖြင့်ုခြစ်ပြိး ရသောအနှစ်
(၂) ကြက်ဥအကာ
(၃) ပျားရည်
(၄) အသားချောဆေး (တိုင်းရင်းဆေး)
ကြက်ဥအကာတစ်လုံး၊ပျားရည်တဇွန်း(ဟင်းစားဇွန်း)၊ တစောင်းလက်ပတ်ခြစ်ပြိးအနှစ်၊ ဟင်းစားဇွန်း(၂)ဇွန်း ယင်းတို့ကို ရောစပ်လိုက်ပါ။ ပြီးလျှင် အသားချောဆေးအမှုန့်ကို အနည်းငယ်စီ ထပ်ထပ်ထည့်ပြီး သန့်စင်သောလက်ဖြင့် သမအောင်နယ်ပါ။ အမှုန့်ကို ချိန်ထည့်ရင်း လက်မှာတွဲလာသည်အထိ နယ်ပါ။
မျက်နှာပေါင်းတင်မည့်သူသည် ပက်လက်အနေအထားရှိရမည်။ ဆံပင်များကို ရှင်းလင်းစွာ အနောက်သို့ လှန်ထားရမည်။ ဆေးမလိမ်းခင် မျက်နှာအား သန့်စင်စွာ ဆေးကြောပြီး နူးညံ့သော အ၀တ်စဖြင့် သုတ်ထားရမည်။ ဆေးကို မျက်နှာပေါ်ရှိ မျက်လုံး၊ မျက်ခုံး၊ နှာခေါင်းပေါက်၊ နုတ်ခမ်းတို့ကို ချန်လှပ်ပြီး မထူမပါး၊ မျက်နှာအပြည့် မံလိုက်ပါ။ တဖြည်းဖြည်း အနည်းငယ်စီ ခြောက်သွေ့သွားပါလိမ့်မည်။ အိပ်ရာမ၀င်ခင် ပြုလုပ်ပြိး နံနက်အိပ်ရာထချိန်တွင် တဖြည်းဖြည်းခြင်းခွာပြီး မျက်နှာအား ရေနွေးဖြင့် ဆေးကြောပြိး နူးညံ့သော အ၀တ်ဖြင့် အသာယာ သုတ်ပေးပါ။ ထိုနည်းဖြင့် မကြာခဏ ပေါင်းတင်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်.။။

No comments:

Post a Comment