Sunday, June 12, 2011

ယွန်းဝတီလွင်မိုးနှင့် ပရိသတ်အများကြီးရဲ့ ချစ်ခင်မှုကိုရရှိတဲ့သူ



လက်ရှိပရိသတ်အကြား ရေပန်းစားနေတဲ့ ကြော်ငြာမင်းသမီး ၀တ်မှုံရွှေရည်နဲ့ တွဲဖက်ပါဝင်ထားတဲ့ Kanebo ကြော်ငြာက သူ့ကို ပရိသတ်တွေ ပိုမိုရရှိစေပြီး Alpine သောက်ရေသန့်ကြော်ငြာကလည်း သူ့မရဲ့ အနုပညာရှေ့ခရီးကိုမှန်းဆဖို့ အတွေးရစေခဲ့ပါတယ်။ ဒါကြောင့်လည်း The Diplomatic School ကျောင်းမှာ Grade 7 ပညာတက်ရောက် သင်ယူနေတဲ့ ယွန်းဝတီလွင်မိုးနဲ့တွေ့ဆုံပြီး သူမရဲ့ အနုပညာရှေ့ခရီးကို လေ့လာမိတဲ့ အခါမှာတော့ . . .





အနုပညာရပ်ဝန်းမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်အများစုရဲ့ချစ်ခင်မှုကိုရယူနိုင်ခဲ့တဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် လွင်မိုးရဲ့မျိုးဆက်ပါ။ သူကလေးက တစ်နှစ်ဝန်းကျင် အရွယ်ကတည်းက ဖခင်နဲ့အတူ ကင်မရာတွေရှေ့မှာ ပါဝင်ခဲ့ရသူပေါ့။ သူ့ကိုလွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းအထိ ကလေးသရုပ်ဆောင်အဖြစ်သာ တွေ့မြင်ခဲ့ရပေမယ့် ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ ဆယ်ကျော်သက် ဓာတ်ပုံမော်ဒယ်တစ်ဦးအဖြစ် ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်။ Ovaltine၊ Kanebo၊ Nutroplex၊ Alpine၊Babi Mild ၊ Eleven၊ လင်းလက်ရွှေရည် စိန်ဆိုင်စတဲ့ ကုန်ပစ္စည်းတွေမှာ သူတတ်သလောက် ကြိုးစားထားပြီး သူ့ရဲ့ပရိသတ်ကို ရယူခဲ့သူပါ။

11 ဂျာနယ်မှ...

No comments:

Post a Comment