Friday, October 18, 2013

အရုဏ်အုံဆိုင်း၊ 

မနက်ခင်းနိမ့်ဆင်း 
တိမ်တွေနဲ့ လေးလံနေတဲ့နေ့ 
တရွေ့ရွေ့ဆက်သွား
သည်လောက်ဂရုမထားတဲ့ အတို့အထိက
 သည်လောက်လွမ်းဆွတ်စရာအသံ။ 
သူက အရေးမထားသလောက်
ငါတို့မှာ အရေးတကြီး။ 
တုန်ယင်နေတဲ့ ကြိုးများတစ်ဝိုက် 
သူ့လက်ဖျားတွေ စုရုံးကြပြီး 
အနမ်းတိုင်းမှာ သူတို့ရဲ့ ပီတိကိုပြောပြကြ။ 
အင်အားသေးသေးကလေး လှုပ်ရုံနဲ့ ထိုမျှတုန်ယင်ကြ။ 
လက်နဲ့ ထိလိုက်ရုံနဲ့ 
ဘယ်သူမတုန်ယင်ပဲရှိပါ့။ 
သူမက နားကို ညှို့တုန်းမှာ 
အချစ်ကရပ်ပြီး နာသူရဲ့နားကို 
မြားကျည်တောက်ကုန်အောင်ပစ်လွှတ်။ 
နူးညံ့ဂီတ၊ စိတ်ကိညှို့ငင်နူးစေရဲ
အပြည့်အစုံသို့ ...

အမေားများ

ဟူး........ရှည်လိုက်တဲ့သန်ခေါင်

လေးလိုက်တဲ့ ဝန်စည်
လျှောက်လိုက် ရတဲ့ခြေ ထောက်
ပျောက်နေတဲ့အိမ်မြှောင်
သစ်ခြောက်ကိုင်းနင်းမိတိုင်
ရင် ထဲ တဒိတ်ဒိတ်
ကိုယ် အရိပ်ကိုတောင်
လန့်နေမ
အပြည့်အစုံသို့ ...

Sunday, June 16, 2013

မှတ်​သားစရာ

၁၀- မိနစ်မှ- ၃၀-မိနစ်လောက် အပြုံးပန်း ဆင်းမြန်ပြီး နေ့တိုင်းလမ်းလျှောက်ပါ။


ဒါဟာ စိတ်ဓာတ်ကျသူ အတွက် အကောင်းဆုံး ဆေးတစ်မျိုးပဲ။

2) နေ့တိုင်း ငြိမ်ငြိမ်သက်က် ၁၀-မိနစ်လောက် တရားထိုင်ပါ။

3) နံက်ခင်း အိပ်ရာထတိုင်း စိတ်ထဲမှ မြတ်စွာဘုရားကို သတိရကာ ဒီနေ့ သင့်ရဲ့ လုပ်ငန်အတွက် ကောင်းသော လမ်းညွှန်မှုတွေ ရယူပါ။

4) စိမ်းလန်း ရှင်းလန်းနေတဲ့ သစ်သီး၊သစ်ရွက်များများ စားပေးပါ၊ စက်ရုံ၊အလုပ်ရုံ၊ စိုက်ပျိုးခင်းမှ သစ်သီးသစ်ရွက်ကို နည်းနိုင်သမျှ နည်းနည်း စားပါ။

5) လက်ဖန်ရည် ( green tea ) နှင့် ရေများများသောက်ပေးပါ။



6) ပန်းမုန်လာနှင့် မက်မန်းသီများကို စားပေးပါ။

7) အနည်းဆုံး တစ်နေ့ကို လူသုံးယောက်နဲ့ အတူတကွ ပြုံးရွှင်စွာ စကားပြောပါ။

8) အသင်းအဖျင်းပြောခြင်းဖြင့် တန်ဖိုးရှိတဲ့အချိန်များကို မကုန်ပါစေနဲ့၊ အရင်က ဆန့်ကျင်ဘတ် အတွေးအခေါ်တွေ၊ အတိတ်က ကိုယ့်စိတ်ကို ထိမ်းမရအောင်ဖြစ်တဲ့ အရားများနဲ့ အချိန်ကို မကုန်လွန်စေပါနဲ့။သင့် စွမ်းအင်များကို ဆန့်ကျင်ဘတ်အတွေးအခေါ်များအစား… စိတ်ခွန်အားဖြစ်စေမယ့် အတွေးအခေါ်မှာ မြုပ်နှံပါ။

9) နံက်စာကို ဘုရင်လိုစား၊ နေ့လည်စာကို မင်းသားလိုစား၊ ညနေစာကို အဖိုးအခပေးပြီး စားတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်လို ရောစားပါ။

10) လူ့ဘဝကတော့ မညီမျှတာ အမှန်ပဲ..။ဒါပေမယ့် ကောင်းပါသေးတယ်။



11) သူတစ်ပါးကို မုန်းတီးဖို့အတွက် အချိန်မရှိဘူး၊ အရားအားလုံး မေ့ထားလိုက်တာ အကောင်းဆုံးပါ။

12) ဘာကိုမှ မိမိကော သူတစ်ပါးကိုပါ အလွန်အကျွန်မဖြစ်စေနဲ့၊

13) မင်းဟာ ငြင်းခုံခြင်းမှာ အမြဲတမ်း အနိုင်မရနိုင်ဘူး ၊တစ်ယေက်နှင့် တစ်ယောက် အမြင်မတူ သဘောထားကာတော့ ကွဲပြားနိုင်တာပဲ။

14) အတိတ်က ကောင်းတဲ့အကြောင်းအရာတွေနဲ့ ငြိမ်းချမ်းအောင်နေပါ၊ ဒါဆိုရင် ပစ္စုပ္ပန်ကိုလည်း ထိမ်းသိမ်းရာရောက်တယ်။

15) မင်းရဲ့ ဘဝကို သူများနဲ့ မနိုင်းယှဉ်နဲ့၊ သူတို့ဒီလိုဖြစ်အောင် ဘယ်လိုလျှောက်လှမ်းခဲ့ရတယ်ဆိုတာ မင်းကောင်းကောင်းမသိဘူး။

16) မင်းမှတပါး ဘယ်သူမှ မင်းကို ပျော်ရွှင်အောင် မဖန်တီးနိုင်ဘူး။



17) ကမ္ဘာကြီးဟာ သဘာဝဘေးအန္တရယ်တွေနဲ့ ဘောင်ခတ်ထားတယ်။ ငါးနှစ်အတွင်းမှာ ဘာဖြစ်မယ်လို့ အတိအကျ မပြောနိုင်ဘူး။

18) လိုအပ်သူကို ရက်ရက်ရောရော ကူညီပါ။ ပေးကမ်းသူဖြစ်ပါစေ၊ ယူတတ်သူ မဖြစ်ပါစေနဲ့။

19) သူများတွေ မင်းကို ဘယ်လိုထင်ထင် ဒါဟာမင်းကိစ္စမဟုတ်ဘူး။

20) အချိန်က အရာရာကို ကုစားသွားပါလိမ့်မယ်။

21) ဘာပဲဖြစ်ဖြစ် ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အခြေအနေအရ ပြောင်းလဲသွားမှာပါ။



22) မင်းအလုပ်က မင်း နေမကောင်းဘူးဆိုရင် စောင့်ရှောက်မှာမဟုတ်ဘူး။ ဒါပေမယ့် အချစ်ဆုံး သူငယ်ချင်းကတော့ မင်းကို စောင့်ရှောက်လိမ့်မယ်။ သူငယ်ချင်းနဲ့ အဆွက်အသွယ် မပြတ်စေနဲ့။

23) မနာလိုဖြစ်နေခြင်းဟာ အချိန်ကို ဖြုန်းတာပဲ။ မင်းလိုအပ်တာ မင်းမှာအားလုံရှိနေပြီ။

24) ညအိပ်ရာဝင်တိုင်း မြတ်စွာဘုရားအား ရှိခိုးပါ။ တစ်နေတာအတွက် အောင်အောင်မြင်မြင် ပြီးစီဆောင်းရွက်ခဲ့တာကို အားရကျေနပ်စွာခံယူပါ။ ကျေးဇူတင်ထိုက်သူအား ကျေးဇူးစကား ဆိုလိုက်ပါ။



25) မင်းရဲ့ ပူလောင်မှုတွေအတွက် ဒါအချက်တွေက မင်္ဂလာတွေဆိုတာ သတိရလိုက်ပါ။



26) ဒါတွေကိုလည်း မင်းသူငယ်ချင်းတွေကို သူတို့ဘဝမှာပျော်ရွှင်စေဖို့ မျှဝေလိုက်ပါ။



ဆီလျှော်စွာဘာသာပြန်ပါသည်။



မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ
အပြည့်အစုံသို့ ...

Monday, June 10, 2013

ပယ်ဖျောက်သင့်တဲ့ အကျင့်ဆိုး (၅) ခု

ပယ်ဖျောက်သင့်တဲ့ အကျင့်ဆိုး (၅) ခု


(၁) သရေစာအစားလွန်ခြင်း
- လုံးဝဆာလောင်မွတ်သိပ်လာမှသာ အစာစားပါ
- ဗိုက်မပြည့်ခင် အစာစားတာရပ် လိုက်ပါ
- သရေစာမုန့်များအား သစ်သီး၊ ဟင်းရွက်၊ အခွံမာသီး၊ နှံစားပြောင်း စသည်တို့နှင့် အစားထိုးစားသုံးပါ။
(၂) ရုပ်မြင်သံကြားထိုင်ကြည့်ချိန် များပြားခြင်း
- ရုပ်မြင်သံကြားထိုင်ကြည့်ချိန်ကို တစ်နေ့ (၂) နာရီထက်မပိုပါစေနှင့်
- ရုပ်သံလိုင်းတစ်လိုင်းကိုသာ ပုံသေ ချိန်ထားပြီး မနှစ်သက်သည့် အစီ အစဉ်ပြလျှင် အခြားလိုင်းမပြောင်းဘဲ ပိတ်ပစ်ပါ
- ရုပ်မြင်သံကြားကြည့်စဉ်မုန့်မစား ပါနှင့်
- ကြော်ငြာဝင်ချိန်တွင် အမှိုက်ပုံးသွန် ခြင်း၊ မီးပူတိုက်ခြင်းကဲ့သို့ အိမ်မှုကိစ္စ များလုပ်ကိုင်ပါ။
(၃) နံနက်စာမစားဘဲနေခြင်း
- နံနက်စာကို ကော်ဖီနှင့်မုန့်တစ်မျိုး တည်း စားရမည်ဟု မဆိုလိုပါ။ မိမိ ကြိုက်နှစ်သက်ရာ ကြာဆံပြုတ်၊ ခေါက်ဆွဲပြုတ်၊ အသုတ်၊ စွပ်ပြုတ်စ သည် ခံတွင်းတွေ့ရာစားနိုင်ပါတယ်။
(၄) အရက်အလွန်သောက်ခြင်း
- အမျိုးသားများ၌ တစ်နေ့လျှင် အရက် နှစ်ဖန်ခွက်၊ အမျိုးသမီးများ၌ တစ်ဖန်ခွက်ထက်ပို၍ မသောက်မိပါ စေနှင့်။
- အရက်စွဲနေပါက ဆရာဝန်နှင့်တိုင် ပင်၍ အရက်ဖြတ်ပါ
(၅) ဆေးလိပ်အလွန်သောက်ခြင်း
- ဆရာဝန်နှင့်တိုင်ပင်၍ ဆေးလိပ် ဖြတ်ပါ
-အေးဆေးတည်ငြိမ်နေသည့် အချိန် တွင် ဆေးလိပ်ဖြတ်ပါ။ အားလပ်ရက် များ၊ စိတ်ဖိစီးမှုများနေသည့် အချိန် များ၌ ဆေးလိပ်မဖြတ်ပါနှင့်။

သီဟ
Source:Readers' Digest
အပြည့်အစုံသို့ ...

Friday, June 7, 2013

ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်

ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ မရှိကြပါဘူး။ အောက်ပါ အကြောင်းတွေကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံး မှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ်ထားတတ်ကြပါတယ် 
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။ ချီးကျူးရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ်ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

၃။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင်ချစ်တဲ့သူ၊ သင်နဲ့ သိကျွမ်းဖူးသူ၊ သင်ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့်သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်းပါစေ။ ကြင်နာတတ်ပါစေ အစရှိသဖြင့် မေတ္တာပို့ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

၎။ မိမိဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ် 
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ သူတို့ ဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်။ 

Ref: Good Health by:ဒေါက်တာခင်မိုးမို
အပြည့်အစုံသို့ ...

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးသူများ သတိထား .....……

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးသူများ သတိထား .....……


ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။

ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည် ။

လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့်အတူ အိပ်စက်ခြင်းမရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်းပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည် ။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြစ်ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည်မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။
ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးသူများ သတိထား .....…… ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။ ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည် ။ လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့်အတူ အိပ်စက်ခြင်းမရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်းပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည် ။ အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြစ်ရောဂါအထိ ရရှိနိုင်ပါသည် ။ ဒါကြောင့် သင်သည်မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay
အပြည့်အစုံသို့ ...

Wednesday, June 5, 2013

အမြဲတန်း မောပန်းနေရခြင်းအတွက် ဖြေရှင်းနည်းများ

အင်းလေးမီဒီယာ

အမြဲတန်း မောပန်းနေရခြင်းအတွက် ဖြေရှင်းနည်းများ
================================
Wednesday, June 5, 2013

အမြဲတန်း မောပန်းနေရခြင်းအတွက် ဖြေရှင်းနည်းများလှုပ်ရှားတက်ကြွသော
လေ့ကျင့်မှုမရှိခြင်း

လေ့ကျင့် လှုပ်ရှားမှု ဆိုတာ သင့်ခန္ဓာ ကိုယ်အတွက် ပြုလုပ်သင့်တဲ့ လုပ်ဆောင် ချက်တစ်ခုပါပဲ။ အမြဲတမ်း လည်ပတ်မှုမ ရှိတဲ့ စက်ရုံတစ်ရုံဟာ ထွက်ကုန်တွေ မ လုံလောက်သလိုဘဲ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာ ကိုယ်ဟာ လန်းဆန်းမှုတွေ နည်းလာ တတ်ပါတယ်။ တစ်နေ့ကို အစာသုံးကြိမ် စားပြီး ဒီအစာတွေကို ပြန်လည်ချေဖျက် နိုင်ဖို့အတွက် လုံလောက်တဲ့ လှုပ်ရှားမှု လည်း လိုအပ်ပါသေးတယ်။ မလှုပ်မရှား ဘဲနေတဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်လောင် ကျွမ်းမှုနည်းပြီး ကယ်လိုရီတွေတက်လာ နိုင်ပါတယ်။

ဖြေရှင်းနည်း

သင့်အလုပ်က အမြဲ ထိုင်နေရတယ်ဆိုရင်တောင် ဖုန်းပြောချိန် မှာ မတ်တတ်ရပ်ပြောပြီး နေ့လယ်စာ စားပြီးချိန်မှာ မိနစ် ၂၀ လောက်လမ်း လျှောက်ပါ။ အလုပ်မှပြန်ချိန် တစ်မှတ် တိုင်လောက် လမ်းလျှောက်ပြီးမှ ကားစီး ပါ။ ကားကို လုပ်ငန်းခွင်နဲ့ ခပ်ဝေးဝေးမှာ ရပ်ခဲ့ပါ။

အိပ်စက်ချိန်နည်းခြင်း

အိပ်စက်ချိန် မလုံလောက်တာက သင့်ကို မောပန်းမှုဖြစ်စေပါတယ်။ အ သက်ကြီးသူအများစုဟာ အိပ်စက်ချိန် နည်းတတ်ကြတယ်လို့ ဆိုခဲ့ပေမယ့် အခု ခေတ်လူငယ်တွေအနေနဲ့ အိုင်တီပစ္စည်း တွေကို ညဉ့်နက်သန်းခေါင်
အချိန်အထိ သုံးစွဲကြတာကြောင့် အိပ်စက်ချိန်ကို အ နှောင့်အယှက်ဖြစ်စေ
ပါတယ်။ ညအချိန် မှာ နောက်ကျမှ အိပ်စက်ရပြီး မနက်ခင်းမှာလုပ်ငန်းခွင်ဝင်
ရတာကြောင့် မဖြစ်မနေ စောစာထရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာသင့်မှာ
စွမ်းအင်တွေကုန်ခန်းသလို ခံစားနေရတတ်ပါတယ်။

ဖြေရှင်းနည်း

တစ်နေ့ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီလောက် မဖြစ်မနေ ရအောင် အိပ်ချိန်ယူပါ။ ညဘက်အိပ်ချိန် ကို သတ်မှတ်ထားပြီး ကွန်ပျူတာနဲ့ ဖုန်းကို သင်နဲ့ ခြောက်ပေအကွာမှာ ထား အိပ်ပါ။ ညအိပ်ချိန်မှာ သင့်အခန်းအ လင်းရောင်က မှောင်အတိဖြစ်နေရင် သင့်ကို ပိုပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ်။

အဝလွန်ကဲခြင်း

အဝလွန်ကဲခြင်းက နှလုံးကျန်းမာ ရေးပြဿနာကို ဖြစ်စေပါတယ်။ အဝ လွန်တာကြောင့် ညဘက်ကောင်းစွာ အိပ်မပျော်တာနဲ့ စိုးရိမ်စိတ်များ
တာတွေ ဖြစ်စေကာ အရိုးအဆစ်တွေလည်း ထိ ခိုက်လွယ်တတ်ပါတယ်။

ဖြေရှင်းနည်း

အဝလွန်သူတွေ အနေ နဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ညအိပ် ရာမဝင်ခင် ကြွက်သားတည်ဆောက်မှု လေ့ကျင့်ခန်းတွေပြုလုပ်ပေးတာက ကောင်း ကောင်း အိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင်ထားရခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာ ကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲသွားတတ်ပြီး အိပ်စက်မှုအကျင့်တွေလည်း ပြောင်းလဲ သွားတတ်ပါတယ်။ ပထမသုံးလပတ် ကိုယ်ဝန်ဆောင်ချိန်မှာ မသိသာပေမယ့် ကိုယ်ဝန်လရင့်လေလေ အသက်ရှူ
ရခက် ခဲတာနဲ့ ဖိစီးမှုတွေကို ခံစားကြရတတ်ပါတယ်။ သားဦးကိုယ်ဝန်ဆောင်
သည်တွေ အနေနဲ့ မောပန်းမှုကို ခံစားကြရတတ်ပါတယ်။

ဖြေရှင်းနည်း

သက်သောင့်သက်သာ ဖြစ်စေမယ့် နေထိုင်မှု ပတ်ဝန်းကျင်ရှိပါ စေ။ ပက်လက်မအိပ်ဘဲ ဘေးတစောင်း အိပ်ပြီး သင့်ခန္ဓာကိုယ်ကို ထောက်ပံ့
မှုပေး ထားကာ နွေးထွေးနေပါစေ။

ကဖင်များစွာ မှီဝဲခြင်းနှင့် နံနက်စာ မစားခြင်း

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်း များစွာပါဝင်တဲ့ဖျော်ရည်တွေကို တစ်နေ့ ငါးခွက်ထက်ပိုသောက်တာကြောင့် သင့် ကို မောပန်းနွမ်းနယ်စေပါတယ်။ မနက် စာမစားတာကလည်း တစ်နေ့တာလုံးအတွက် သင့်ကို လန်းဆန်းမှု
မရှိစေပါဘူး။

ဖြေရှင်းနည်း

ခေါင်းကိုက်နေချိန်မှာ ကော်ဖီတစ်ခွက်လောက်သောက်တာ ဟာ သင့်ကို လန်းဆန်းနေစေတယ်ဆိုပေ မယ့် တစ်နေ့ကို ကဖင်းပါတဲ့ဖျော်ရည် သုံးခွက်ထက် ပိုမသောက်သင့်ပါဘူး။ မနက်ခင်းမှာ အာဟာရပြည့်ဝစေမယ့် အစားအစာကို ပုံမှန်စားပါ။

ခန္ဓာကိုယ်တွင် သံဓာတ်နည်းခြင်း

သင်စားတဲ့ အစားအစာတွေဟာ အာဟာရညီညွတ်မှုမရှိတာကြောင့်နဲ့ ခန္ဓာ ကိုယ်တွင်း သံဓာတ်နည်းတာကြောင့် သင့်ကို မောပန်းနွမ်းနယ်နေစေ
ပါတယ်။

ဖြေရှင်းနည်း

သံဓာတ်ဝကွယ်ဝတဲ့ အ စားအစာတွေဖြစ်တဲ့ အသားနဲ့ ငါးတွေကို သေချာ ချက်ပြုတ်စားသောက်ပါ။ အထူး သဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါ တယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှုနဲ့ ဈတ်ဓာတ်ကျရောဂါတွေကြောင့်လည်း အမြဲတမ်းမောပန်းနေသ လိုခံစားကြရတတ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန်ကျတာ၊ စိတ်လှုပ်ရှား တာနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ကြောင့်လည်း ပင်ပန်းမှုကို ခံစားကြရ တတ်ပါတယ်။

ဖြေရှင်းနည်း

စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အစာ ပုံမှန် စားပါ။ အပြုသဘောဆောင်တွေးပါ။

ဆီချိုသွေးချိုနှင့် ဆေးကုသမှုခံယူနေရခြင်း

ဆီးချိုသွေးချိုရောဂါရှိသူတွေအ နေနဲ့ ရောဂါရဲ့ နောက်ဆက်တွဲနေနဲ့ မော ပန်းနွမ်းနယ်နေတတ်ပြီး ကြည်ကြည်လင် လင် မခံစားရဘဲ ဖြစ်တတ်ပါတယ်။ တ ခြားဆေးဝါးတွေဖြစ်တဲ့ ပဋိဇီဝပိုးသတ် ဆေးနဲ့ တာရှည်စွဲသောက်ရတဲ့
ဆေးတွေ ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ပင်ပန်းမှုကို ခံစားကြရတတ်ပါတယ်။

ဖြေရှင်းနည်း

ဆီချိုသွေးချိုရှိသူတွေနဲ့ ဆေးဝါး မှီဝဲနေရသူတွေအနေနဲ့ ဆေးရဲ့ဘေးထွက်
ဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

သဲသဲ

အပြည့်အစုံသို့ ...