Saturday, June 11, 2011

အိုးရွဲ့ နဲ့ စလောင်းရွဲ့...

ခင်ပွန်းက ဇနီးဆီကို ရေးလိုက်တဲ့ စာလေးပါ။
ခင်ပွန်းက ဇနီးဆီကို ရေးလိုက်တဲ့ စာလေးပါ။

အချစ်ရေ...ဒီလတော့ ကို လစာငွေမပိုနှိင်တော့လို့

အနမ်း (၁၀ဝ) ကို ဒီစာနဲ့ အတူပို့လိုက်တယ်နော်။

မင်းဟာမောင့် ရဲ့အချစ်ဆုံးပါကွယ်။

မင်းရဲ့ အချစ်ဆုံးခင်ပွန်း...
မောင်

ရက်အနည်းငယ်ကြာသောအခါ ဇနီးက သူ့ခင်ပွန်းသည်ထံ စာပြန်လိုက်သည်။

မောင်ရေ... မောင့် အနမ်း (၁၀ဝ) အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

တဆက်တည်း ခင့်ရဲ့ ဒီလ အသုံးစရိတ်လေးကိုလည်း ပြောပါရစေနော်။

၁။ တလစာနွားနို့အတွက် နွားနို့လာပို့နေသူနဲ့ အနမ်း ၂ ခုသဘောတူလိုက်တယ် မောင်။
၂။ မီးပြင်သမားအတွက် အနမ်း ၇ ခုသဘောတူလိုက်တယ် မောင်။
၃။ ကျွန်မတို အိမ်ရှင်ကလည်းနေတိုင်းလာပြီး အိမ်လခအတွက် အနမ်း ၂ခု ၃ခု ယူလေ့ရှိတယ်မောင်။
၎။ စတိုးဆိုင် ပိုင်ရှင်ကတော့ အနမ်းတွေကိုလက်မခံလို့ တခြားဟာလေးတွေဘဲ ပေးလိုက်တယ်မောင်။
၅။ တခြားအသုံး စရိတ်လေးတွေအတွက်တော့ အနမ်း (၄၀) လောက်သုံးလိုက်တယ်မောင်။

အရမ်းစိုးရိမ်မနေပါနဲ့မောင်။

ဒီလအတွက်မောင်ပေးထားတဲ့ အနမ်းတွေထဲက အနမ်း (၃၅) ခုလောက်ကျန်ပါသေးတယ်။

ဒီလတော့ ဒီအနမ်း (၃၅) ခုလောက်ကုန်အောင်သုံးဖြစ်မယ်ထင်တယ်။

နောက်လအတွက်ကော ဒီလိုဘဲ ဆက်သွားသင့်လားဆိုတာ အကြံပေးပါဦးနော်...


နိုင်ငံတကာ ဟာသများကို မှီးပါသည်...

No comments:

Post a Comment