အရက်သေစာကို လုံးဝမသောက်ဘဲ ရှောင်ထားသူ ပါမောက္ခကြီးက ပရိသတ်ကို ဟောပြောနေ၏။
ကဲဗျာ ဆိုကြပါစို့။ ဟောဒီနေရာမှာ ရေတပုံးနဲ့ အရက်တပုံး ချထားမယ်။ အကယ်၍ နွားတကောင်ကို ဒီနေရာခေါ်လာရင် အဲဒီနွား ရေကိုသောက်မလား၊ အရက်ကိုသောက်မလား။
ထိုအခါ ပရိသတ်အတွင်းမှ အသံတသံပေါ်လာ၏။
ရေသောက်မှာပဲ။
သည်တွင် ပါမောက္ခကြီးက ဘာဖြစ်လို့ ရေသောက်မှာလဲဟု မေးလိုက်ရာ
နွားမို့လို့ပေါ့ဟု
ပြန်ဖြေလိုက်သံထွက်ပေါ်လာလေ၏။
နိုင်ငံတကာ ဟာသများကို မှီးပါသည်...
No comments:
Post a Comment