Thursday, October 20, 2011

မျက်စိစပ်တဲ့ည

သန်းခေါင်ချိန် မှာမီးပျက်လို့ 
မအိပ်စက်ပဲ ထိုင်နေမိတာပါ
အဝေး.....က
အလွမ်းသီချင်းတစ်ပုဒ်ကို သီကျူးနေတဲ့
ခွေးတစ်ကောင်ရဲ့  အူသံ.....
နားထဲးမှာလျှံ ကြံဖန်လို့ ခံစား
တကယ်လို့ များ မင်းကြေကွဲးနေရင်
ငါဖြေသိမ့်ပေးခြင်ပါရဲ့ 
ငါလည်တေးတစ်ပုဒ်ကိုဖန်တီးဦးမှ
အသုဘက ကမ်းတဲ့ယက်တောင်တစ်ချက်ကို
တဖျက်ဖျက်လုပ်တုန်း
ရော့ခ်သီချင်းတစ်ပုဒ်ကိုပေါက်ကွဲးပြီး
နားနားမှာတ၀ီဝီနဲ့ အော်မြည်လာတဲ့
ကိုခြင်ကောင် တို့ ကြောင့် 
ကိုယဉ်မောင် ဖေါင်ပျက်သလို
ငါ့အတွေးတွေလည် တစ်စစီပျက်လို့ 
ခံတွင်ချင်လာခဲ့
တကယ်တမ်းတော့
တမ်းတမိတာ
ဆေးလိပ်တို

ကိုနိုင်

No comments:

Post a Comment