Friday, October 14, 2011

နေရောင်ခြည်သုံးရေတင်စက်များ အာဖရိက စိုက်ပျိုးရေးသမားများကို အကျိုးပြုနေ

အာဖရိကနောက်ဘက်ရှိ နိုင်ငံများတွင် စမ်းသပ်သုံးစွဲနေသော နေရောင်ခြည်သုံး ရေတင်စက်များက စိုက်ပျိုးသူများ တောင်သူလယ်သမားများ၏ ထွက်ကုန်နှင့် လူမှုစီးပွားရေးကို ဘယ်လိုအကျိုးပြုနေကြတယ် ဆိုတာကို လေ့လာချက်သစ် တစ်ရပ်တွင် ဖော်ပြထားပါတယ်။ Bennin နိုင်ငံတွင်

လေ့လာခဲ့သော တွေ့ရှိချက်များအရ ထိုနေရောင်ခြည်သုံး ရေတင်စက်များဟာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော ရေပေးဝေရေးလုပ်ငန်းတွင် အလွန်အထောက်အကူပြုနေကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် ပူပြင်း ခြောက်သွေ့သော ရာသီဥတုရရှိသည့် ဒေသများတွင် ဖြစ်ကြပါတယ်။
အာဖရိက အလယ်ပိုင်းရှိ ဆာဟာရဒေသများဟာ ကမ္ဘာပေါ်တွင် အစားအစာ အနည်းဆုံး ထုတ်လုပ် စိုက်ပျိုး စားသုံး နိုင်သည့် ဒေသတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း လူသန်း ၁၀၀၀ လောက်ဟာ ငတ်မွတ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ စိုက်ပျိုးရေးနှင့် အစားအစာ အဖွဲ့အစည်း (UNFAO) က ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ထိုလူဦးရေထဲမှ လူပေါင်း သန်း ၂၆၅ လောက်ဟာ တောင်အာဖရိကဘက်ပိုင်း ဆာဟာရနယ်မြေ တစ်ခုတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။ မိုးခေါင်မှုဟာ ထိုဒေသတွင် ကြုံတွေ့နေရသော အစားအစာ ရှားပါးမှုနှင့် ငတ်မွတ်မှု ဘေးအန္တရာယ်ကို ဖြစ်စေရသည့် အဓိက အကြောင်းအရင်းလို့ ဆိုရပါလိမ့်မယ်။
California တက္ကသိုလ်မှ Jennifer Burney က ထိုဒေသတွင် လေ့လာမှုသစ်တစ်ရပ်ကို ဦးဆောင် ခဲ့ပါတယ်။ ထို သုတေသနအဖွဲ့ကြီးဟာ Bennin နိုင်ငံတောင်ဘက်ပိုင်းရှိ ဒေသများတွင် အစက်ချ စိုက်ပျိုးသည့် စနစ်အတွက် နေရောင်ခြည်သုံး ရေတင်စက်များကို တပ်ဆင်ပေးခဲ့ပါတယ်။ သုတေသနထဲတွင် အမျိုးသမီး ၃၀ မှ ၃၅ ဦးအထိကို တစ်ဦးကျ ထိုရေတင်သည့်စနစ်ကို သုံးစွဲစေပြီး လူတစ်ဦးကျ စိုက်ပျိုးမြေ ၁၂၀ စတုရန်း မီတာကို စိုက်ပျိုးစေပြီး လေ့လာချက်များကို မှတ်တမ်းတင်ခဲ့ပါတယ်။ ထို့အတူ အခြားသူများကိုလည်း ရှေးပုံစံအတိုင်း စိုက်ပျိုးစေခဲ့တာပါ။
တွေ့ရှိချက်များအရ နေရောင်ခြည်သုံး ရေတင်စက်များကို သုံးစွဲခြင်းအားဖြင့် တစ်လလျှင် ဟင်းသီး ဟင်းရွက် ၂တန်ကို ထုတ်လုပ်စိုက်ပျိုးနိုင်ကြောင့် သိရပါတယ်။ တစ်နှစ်ခန့်အကြာတွင် ထိုစနစ်ဖြင့် စိုက်ပျိုးသူများ သည် ပျှမ်းမျှနှုန်းထက် ၉ ကီလိုဂရမ်ကို ပိုမိုထုတ်လုပ်လာနိုင်ကြောင်း တွေ့ရှိလာပါတယ်။
ဒါကြောင့် စိုက်ပျိုးသူများအနေနှင့် သူတို့၏ထုတ်ကုန်များကိုရောင်ချလာနိုင်ပြီး ခြောက်သွေ့ရာသီ ၆လ မှ ၉လ အထိကြာမြင့်သော ထိုဒေသရှိ စိုက်ပျိုးသူများအနေနှင့် ၀င်ငွေတိုးတက်လာတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။
စားသုံးမှုမှာလည်း ထိုစနစ်ကို အသုံးပြုသော ကျေးရွာနှစ်ခုတွင် လူတစ်ဦးလျှင် သာမန်စာသုံးမှုယူနစ် ၃ခု မှ ၅ခု အထိ ပိုလာတာကို တွေ့ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ပိုလျှံလာသော ထုတ်ကုန်များကို ဈေးကွက်ပေါ်သို့ ရောင်းချခြင်းဟာ ပိုမိုထိရောက်တာကိုလည်း တွေ့ရပါသေးတယ်။
သုတေသနများအရ အာဖရိကရှိ ဆာဟာရဒေသများတွင် စိုက်ပျိုးမြေ စုစုပေါင်းအနက် ၄% လောက်သာ စိုက်ပျိုးရေရရှိနေတယ်လို့ သိရပါတယ်။ အမှန်တကယ်တော့ နေရောင်ခြည် အသုံးပြုတဲ့ ရေတင်စက်များဟာ ကနဦး ကုန်ကျစရိတ်မှာ အလွန်မြင့်မှားနေသော်လည်း နေရောင်ခြည် အမြဲရရှိမှု နှင့် ကာလရှည် စိုက်ပျိုးရာတွင် ထိုစနစ်သည် အခြားသော ရေရရှိရေးစနစ်ဖြစ်သည့် ဓတ်ဆီ၊ ဒီဇယ်နှင့် ရေနံဆီတို့နှင့် နှိုင်းယှဉ်လျှင် ပိုမိုသက်သာနေရုံသာမက ပတ်ဝန်ကျင်ကို သန့်ရှင်းစေတယ် ဆိုတာကို သိရပါတယ်။
အခုတွေ့ရှိချက်အသေးစိတ်ကိုတော့ ယခုလထုတ် National Academy of Secience ဂျာနယ်တွင် ဖော်ပြထားပါတယ်။

No comments:

Post a Comment