Friday, May 31, 2013

ိဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင်

ယနေ့မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ရောက်လာတဲ့အခါ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို လိုက်ပြပါ ဆိုရင် ပုဂံဒေသကိုပဲ သွားရောက်ပြသပေးရပါတယ်။ ဘာလို့ ပုဂံ ဒေသကို သွားရောက်ပြသပေးရတာလဲဆို ရင် ပုဂံဒေသမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးတည်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကပဲ ရှေးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့လို့သာ ယခုလို ပြသနိုင်တာဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ အခြားဘာသာတရားတွေ လွမ်းမိုးသွားမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဗောဓော ဗုဓုစေတီတော်ကြီးလို အုတ်ပုံအဖြစ်နဲ့ပဲ ဇာတ်သိမ်းသွားနိုင်ပါတယ်။


အာဖဂန်နစ္စတန်နိုင်ငံမှာလည်း ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို လည်း အမြဲတမ်းပဲ အမှတ်ရနေစေချင်ပါတယ်။ အဲဒီနိုင်ငံမှာ အိုစမာဘင်လာဒင်နှင့် တာလီဘန်ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဟာ သူတို့ဘာသာနှင့် မညီညွတ်ဘူးဆိုပြီး အမြောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီဖြစ် ရပ်ဟာ ဘာမှ မကြာသေးလို့ အားလုံးသိပြီးဖြစ်ပါတယ်။

တကယ်လို့သာ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဆက်လက် တည်တံ့နေခဲ့မယ် ဆိုရင် ကျောက် တောင် ကျောက်သားတွေကို ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူဟာဘယ်လို အကြောင်းကြောင့်တွေနဲ့မှ မြေခကြွေကျစရာအကြောင်းမရှိပါဘူး။
အခုတော့ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များနှင့်တကွ ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဘယ်ရောက်သွား ကြကုန်တာလဲ။ ဗုဒ္ဓသာသနာတော်ကြီး ဘာလို့ ကွယ်ခဲ့ရသလဲ၊ ရဟန်းတော်တို့ စာပေမသင်ကြားကြလို့လား၊ ဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာအားထုတ်မှု မရှိကြလို့လား၊ အစာရေစာ ရှားပါးကြလို့လား၊ အနာရောဂါ ဘေးဆိုးကြောင့်လား၊ ထေရဝါဒ မဟာယာနဂိုဏ်းဂဏ ကွဲပြားသွားကြလို့လား။

အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ သမိုင်းဆိုတာ လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့ မရပါဘူး။ သမိုင်းကြောင်း အထောက်အထားနှင့် ခိုင်ခိုင် မာမာ ပြည့်ပြည့်စုံစုံ ရေးပြမယ်ဆိုရင် တော်တော်ကိုပဲ ထိတ်လန့် ခြောက်ခြားဖွယ်၊ အော့နှလုံးနာဖွယ် ရင်နာဖွယ်ရာကောင်းလှပါ
သည်။ 
တစ်ချိန်က ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဗုဒ္ဓသာသနာကွယ်ပ သွားခဲ့ရတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိခဲ့ကြပါတယ်။ ဒီနိုင်ငံတွေဟာ ဗုဒ္ဓသာသနာ အစရှာမရအောင် ဘာလို့ ပျောက်ကွယ် သွားခဲ့ကြသလဲ ဆိုတာ သင်ခန်းစာ ကောင်းကောင်းကြီး ယူတတ်ကြဖို့ လိုပါတယ်။
အတိတ်သမိုင်းကြောင်းဆိုတာ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရတဲ့ အရာတွေ လည်းဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းကို ပြန်လည် သတိရပြီး ဒေါပွနေဖို့ ပြောတာ မဟုတ်ပါဘူး။ ဒီသမိုင်းကြောင်းတွေကို လေ့လာပြီး သင်ခန်းစာ ယူတတ်အောင် ပြောရတာဖြစ်ပါတယ်။
တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ မလေးရှား အစရှိတဲ့ နိုင်ငံတွေဟာ ဗုဒ္ဓသာသနာထွန်းလင်း တောက်ပခဲ့တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ယခုအချိန်မှာ ဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာတွေ ပျောက်ပြီး ဘယ်ဘာသာတွေ ရောက်နေကြတယ်ဆိုတာ သတိထားမိကြရင် ဘာသာပျောက်မယ့် အန္တရာယ်ဟာလည်း တဖြည်းဖြည်း နီးကပ်လာပြီဆိုတာ ဆင်ခြင်မိကြဖို့ ကောင်းပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ သာသနာနှစ်ငါးထောင် တည်မယ်ဆိုတဲ့ စကားကို လှေနံဓားထစ် မှတ်ထားကြပြီး အေးအေးဆေးဆေး ကြောင့်ကြမဲ့ နေကြပါတယ်။ တွေးတော ဆင်ခြင်မှုလည်း မရှိသလို လေ့လာစုံစမ်း မှုလည်း မရှိဘဲ ကမ်းကုန်အောင် အ ကြ၊ န ကြသည်မှာ စိတ်ညစ်စရာကောင်းလှပါတယ်။

အချို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် မိမိတို့ရဲ့ မြန်မာသမီးပျိုလေး လူမျိုးခြား ဘာသာခြားနဲ့ တွဲသွားတွဲလာ လုပ်တာတောင် ဗြဟ္မစိုရ်တရား လက်ကိုင်ထားတော့မလို၊ လူမှုရေးရှုထောင့်က ကြည့်တော့မလို စီးပွားရေး ရှုထောင့်က ကြည့်တော့မလို၊ ဟိုလိုလို ဒီလိုလိုနဲ့သာ အချိန်တွေကုန်ပြီး ဦးတည်ချက်ကင်းကွာနေသော အနာဂတ်ခရီးကို စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရင်းဖြင့် မိမိတို့သားသမီးများ၊ အမျိုးပျက်ဘဝရောက်ရတဲ့အထိ ဖြစ်ကြရပါတယ်။

အချို့မြန်မာအမျိုးသမီးများအနေဖြင့်လည်း လူမျိုးမျက်နှာ၊ ဘာသာမျက်နှာကို မထောက်ဘဲ လူမျိုးခြား၊ ဘာသာ ခြား စကားတွေရဲ့ စကားကို ယုံပြီး စေတနာဗလပွနဲ့ မိမိရဲ့ ခန္ဓာကိုယ်ကိုပါ ပုံအပ်လိုက်ကြတာဟာလည်း တော်တော်ကိုပဲ အသိတရားခေါင်းပါးလွန်းလှပါတယ်။ အားနာတတ်လိုက်ကြတာကလည်း ကလေးဆယ်ယောက် အဖေခေါ်စရာ မရှိလောက်အောင်ပါပဲ။ အဲသည်လိုသာ ရှေ့ဆက်ပြီး အနားနေကြဦးမယ်ဆိုရင်တော့ “အားနာတတ်တာ အရာရာ မကြာပျက်စီးကြောင်း"ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားကို အားနာတဲ့ မိန်းကလေးဟာ မကြာခင်မှာပဲ အမျိုးပျက်ဘဝ ဘာသာပျက်ဘဝ ရောက်ရတော့မှာ အမှန်မလွဲ မုချဧကန်ပဲ ဖြစ်ရပါတော့မယ်။
ဒါကြောင့်မို့ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာမိဘများအနေနဲ့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်များကို ဗုဒ္ဓရဲ့ ဘာသာရေး အခြေခံသဘောတရားများ၊ ယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် အမျိုးသားရေး စိတ်ဓတ်ာများကို သွန်သင်ဆုံးမ နားချပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ဘာသာရေးစိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပြည့်ဝ ခိုင်မာမှာ ဖြစ်ပါတယ်။
တကယ်လို့ အနာဂတ်မျိုးဆက်သစ်လေးများ အမျိုးသားရေး စိတ်ဓာတ်နှင့် ဘာသာရေး စိတ်ဓာတ်မခိုင်မာပါက ရေမပြည့်တဲ့ အိုးလို ဘောင်ဘင်ခတ်ကာ မျိုးရိုးဗီဇကို ခြေကန်ပြီး အမိမြန်မာ တည်းဟူသော ရေအိုးထဲမှာ မတည်ဘဲ ဘာသာခြားထဲကို ဖိတ်စင်ကာ အဟောသိကံ ဘဝဖြင့် ပျောက်ကွယ်သွားနိုင်ပါတယ်။ ( အရှင်ဝိမလ၀ံသ-နာ်

No comments:

Post a Comment