Wednesday, September 21, 2011

သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ

လေကိုစုပ်ယူတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ
သွေးတိုးရောဂါမဖြစ်အောင် အလွယ်ကူဆုံး ကာကွယ်နည်းဟာ နှာခေါင်းမှတစ်ဆင့် အသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အောက်ပါ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။
၁။ အဆုတ်အောက်ပိုင်းအတွင်းသို့ လေဝင်ပြီး ယင်းမှတစ်ဆင့် အဆုတ်တစ်ခုလုံးလေတွေ ပြည့်သွားတဲ့အထိ နှာခေါင်းမှတစ်ဆင့် ဖြည်းဖြည်းနဲ့ နက်နက်အသက်ရှူသွင်းပါ။
၂။ ၁၀ စက္ကန့်ခန့်အချိန်ယူပြီး ဖြည်းဖြည်းလေး ပါးစပ်မှတစ်ဆင့် အသက်ရှူထုတ်ပါ။ အသံတိတ် ဒါမှမဟုတ် အာလို့အသံမြည်ကာ အဆုတ်တွင်းမှ လေတွေကုန်သွားအောင် အသက်ရှူထုတ်ပါ။
၃။ အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းကို တစ်နေ့လေးကြိမ်မှ ငါးကြိမ်ပြုလုပ်ပေးပါ။ သင့်မှာ အချိန် အနည်းငယ် ရတိုင်းလုပ်ပါ။ (ဥပမာ - မီးပွိုင့်မီးနီနေတုန်းအချိန်တွေ)
ဒီအသက်ရှူလေ့ကျင့်ခန်းဟာ သွေးဖိအားကို လျော့ကျစေရုံမက စိတ်ဖြေလျော့မှု ပိုမို ရရှိစေပြီး ခုခံအားစနစ်လည်း မြင့်တက်လာနိုင်ပါတယ်။

No comments:

Post a Comment