Sunday, July 3, 2011

EDGE စနစ်သုံး GSM Internet အသုံးပြုပုံ

EDGE စနစ်သုံးGSM Internet များစတင်လျှောက်ထားခွင့်ရရှိပြီး

အသုံးပြုနိုင်ပြီဖြစ်သဖြင့် GSMဖုန်း ဖြင့်Internet ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြပေးလိုက် ပါတယ်။ မိမိGSM ဖုန်းကို အင်တာနက် လျှောက် ထားမှု ဆောင်ရွက်ပြီးစီးတဲ့ နောက်တစ်ရက်အတွင်း Internet အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။ EDGE Modem များကို Computer အရောင်းဆိုင်များမှ တင်သွင်းရောင်းချ လာခဲ့သဖြင့်Modem ဖြင့် ချိတ် ဆက်အသုံးပြုနိုင်သလို Smart Phone တွေမှာ Internal Modem ပါရှိတဲ့အတွက်မိမိဖုန်းကို Computer မှာ Modem အဖြစ် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဖုန်းဝယ် ယူစဉ်ပါရှိတဲ့Software CD နဲ့ ComputerမှာInstall လုပ်ပြီး Connection ရယူချိတ်ဆက်ကာ Computer နဲ့Internet အသုံး ပြုနိုင်ပါတယ်။ Softwareမှာပါရှိတဲ့ Internet Connection ပုံစံ ကမ္ဘာလုံးပုံလေးကို click လုပ်လိုက်ပြီး Setting ထဲသို့ ဝင်ရောက်ပါ။ Modem နေရာမှာတော့ သူ့မူရင်း နဂို Setting အတိုင်းထားရှိပြီး နောက် တစ်ဆင့်မှာတော့ Configure the connection Manually ဆိုတဲ့ မိမိလိုသလို ပြုပြင်နိုင်မယ့် နေရာ လေးကို ရွေးပြီးNext ကို နှိပ်လိုက်ပါ။ကိုယ်ကြိုက်တာ ထည့်နိုင်သလို ဒီအတိုင်းထားပြီး အမှန်ခလုတ် လေး ကိုနှိပ်လည်း ရပါပြီ။ ပြီးရင် အောက်မှာပါရှိတဲ့ Connection ခလုတ်လေးကို နှိပ်တာနဲ့ ကွန်ပျူတာ မှာအင်တာနက် စတင်အသုံးပြုလို့ရပါပြီ။ Phone နဲ့ အသုံးပြုမယ် ဆိုရင် ပထမအဆင့်အနေနဲ့ မိမိဖုန်းအတွင်းရှိ Tools ထဲကိုဝင်ပြီး Connection တစ်ခုကို တည်ဆောက်ပေးရမှာဖြစ်ပါတယ်။Tools ထဲမှConnection ထဲကိုဝင်ပြီး Access Point Conncetion တစ်ခု တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ Connection Name ကို မိမိနှစ်သက်ရာပေးနိုင်ပြီးData bearer နေရာမှာတော့Packet Data ကိုရွေးပေးလိုက်ရုံပါ။ ကျန်တဲ့ Setting တွေကတော့ နဂိုအတိုင်းပဲထားရှိရုံနဲ့ ရပါတယ်။ ဒုတိယအဆင့်အနေနဲ့ကတော့ မိမိဖုန်းမှာပါဝင်တဲ့ကမ္ဘာလုံးပုံအင်တာနက် Browser ဖွင့်ပြီး Settingထဲ ဝင်လိုက်ပါ။ Access Point Connection မှာ ပထမအဆင့်တုန်းကတည်ဆောက်ခဲ့တဲ့ Connection လေးကို ရွေးပေးလိုက်ရုံနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ တစ်ခု သတိထားရမှာကတော့ မိမိဖုန်းရဲ့အပေါ်နားက Signal ပြတဲ့ အတုံးလေးတွေနားမှာ 3.5G, 3G လို့ပေါ်နေရင် အင်တာနက်ကွန်နက်ရှင်မရရှိသေးတဲ့နေရာတွေဖြစ်ပြီး E လို့ပေါ်လာမှသာ Internet Connection ရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း GSM Internet Connection အသုံးပြုပုံကို ဖော်ပြပေးလိုက်ပါတယ်။

Posted by Popular News

No comments:

Post a Comment