Wednesday, June 15, 2011

အသိုက်အမြုံ

ရှေးဘ၀ရဲ့ ကုသိုလ် အကုသိုလ် အကြောင်တရားကြောင့်ပေလားမသိ..........
အတောင်မစုံခင်မှာအသိုက်ပျက်ခဲ့ရတဲ့ငှက်ငယ်တကောင်....
ခိုနာဖို့ ရာ အသိုက် စားစရာအစာ အပြန်သင်ဖို့ ရာ အမိဆရာ ဗလာနထ္ထိ
နွေးထွေးတဲ့အသိုက်အမြုံ နဲ့ဝေကွာပြီး ကြုံရာအိပ်ကြုံရာစား ဘ၀ကို
ခတ်ခဲးစွာရှင်သန်ဖြတ်သန်းရင်း ........
အတောင်တစ်စုံတောရလိုက်ပြီလေအတိတ်ဆိုတာမရှိ
အနာဂါတ်မသိ မရောက်ဘူတဲ့ကောင်းကင်ပေါ် ကိုရောက်ခဲ့တော့
ဝေဟင်မှာနိမ့်ချည်မြင့်ချည်လေဟုန်စီးရင်း
အပျော်ကြီးပျော်နေခဲ့တဲ့တွယ်ရာမဲ့ သံယောဇဉ်ငှက်ကလေး....
အနာဂါတ်ဆိုတာမစဉ်းစားရသေးပေမဲ့
အတိတ်ဆိုတဲ့အရာကို ပြန်တွေးကြည့်လို့ မှကြည်နူးစရာ
လွမ်ဆွတ်ဖွယ်ရာမရှိ ခါးသီးမှုသက်သက် ချည်သာရှိသေား
အတိတ်ကို သတိရခံစားနေမဲ့ အစား
နာကြည်းစရာကောင်းသေား ဘ၀ကိုမေ့ပစ်တာကောင်း၏
ဒီကောင်းကင်ကိုငါပိုင်ပြီ ဟုဆိုကာ အတောင်ဖျက်ဖျက်ခတ်ပြီးပျံသန်းရင်း ကုန်လွန်ခဲ့သေားအချိန်ကိုမူသတိမရခဲ့
ဘ၀ကိုလွတ်လပ်စွာပဲကျော်ဖြတ်ရင်း ယစ်မူနေတုန်း
ဒုတ်ကနဲး မြည်သံ......နုလုံးသားဗဟိုလယ်မှာ ချစ်မြှားနတ်မောင် ရဲ့ 
့လေးချက်ပြင်းပြင်းဆူနစ်ဝင်သွားမှ...
အိမ်မက်ကနိုးထ အနာဂါတ်ခရီး အစပြုခဲ့လေပြီ
လေစုန်ကိုလေဟုန်စီးပြီ အတောင်ဖြန့့်ခဲ့တဲ့နေရက်တွေ
နမျေားတသခဲ့ပေမဲ့ ငါပြုခဲ့တဲ့ငါရဲ့ကုသိုလ်ကံကပေး တဲ့လွတ်လပ်ခြင်းပဲးလေ..............
ဒီလိုပါပဲး ရောက်နေတဲ့အချိန် ရောက်နေတဲ့အရွယ်
ကိုယ်လုပ်လဲ့တဲ့အရာတွေဟာမှန်တယ် လို့ ထင်ရပေမဲ့
ပြီးဆုံးခဲ့တဲ့အရွယ် ပြီးဆုံးခဲ့တဲ့သက်တမ်ကိုပြန်လှည့်ကြည့်ရင်
တောင်ကုန်းတခုရဲ့ အပေါ်ဆီးက ရပ်ကြည့်နေရသလို
မိမိရဲအမှားတွေကို ရှင်းရှင်းလင်းလင်း တွေ့ ကြရမှာပါ
ဒါကြောင့်သတ္တ၀ါတိုင်း အမှားမကင်းနိုင်ကြတာပေါ့
ဒါဟာကြီးရင့်လာတဲ့အသက်အရွယ်ပေါ်မူတည်ပြီး
ကြီးထွာဖွံ့ ဖြိုးလာတဲ့ ဦနှောဏ်က ဖန်တီးပေးတဲ့ တည်ငြိမ်ရင့်ကျက်မှုဗ
တွေပါ............................
အခုတော့ ထာဝရအေးချမ်းခြင်တွေနဲ့ ဘေကင်းလုံခြုံတဲ့
အသိုက်အမြုံ ဖန်တီးနေခဲ့လေပြီ
ကိုယ့်အိမ် ကိုယ့်ယာ လုံခြုံစေဖို့ စည်းရိုး ခတ်ရသလိုပေါ့
နုလုံးသားကိုထုစစ်ဖန်တီးထားတဲ့ အသိုက်အမြုံ လေး...
လုံခြုံစေဖို့ သံယောဇဉ်ကြိုးတွေနဲ့ အထပ်ထပ်ရစ်ပတ် ကာရံထာခြဲ့ပီလေ........

No comments:

Post a Comment