ညှို့ မဲ့ညှို့ တော့
ကိုယ်ဟာကိုမဟုတ်တော့ တဲ့အထိ
ကိုယ်ကလဲ ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရည်ကို ဆွဲးထုတ်ပြတော့တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမဲ့ကြိုးလို
လှုပ်လေ တင်းလေ
တစ်ယောက်အမြီးကို
တစ်ယောက်ကပြန်မျိုရင်း
ကိုယ့်ကိုကိုယ်တွေ့ တယ်
ဖြေဆေးအတွက်
ကိုယ့်အဆိပ်ကို အံချပြီးတော့
လျှာနှစ်ခွနှင့် ရပ်လို့ 
အချိန်မရှိတော့ဘူး
နေရာမရှိတောဘူး
ဒီမှာတင် အသက်ကို အပ်ခဲ့မယ်
ဟစ်...တွန်သံကြားလဲ
လှည့်မကြည့်နဲ့ တော့
မင်းထင်ကိုကိုကြီး ရဲ့ ကဗျာလေးပါ
No comments:
Post a Comment